Blog Anniversary

March 27, 2006 at 12:56 am (Uncategorized)

ဘာလိုလိုနဲ့ ဒီဘလော့်ခ်လေး စတင် ရေးဖြစ်တာ တစ်နှစ် တိတိ ရှိသွားပြီ။ အမှတ်တရ အီးကဒ် ပို့ပေးတဲ့ မဆွိလည်း ကျေးဇူးပါ။ ၀ိုင်းဝန်းကူညီကြတဲ့ သူငယ်ချင်းတွေလည်း ကျေးဇူးပါ။ ကျွန်တော်မအားရင် ကိုယ်စားတင်ပေးတဲ့ ဘော်ဘော်များလည်း ကျေးဇူးပါ။ စိတ်တူကိုယ်တူ ပေါင်းလို့ကောင်းတဲ့ သူငယ်ချင်း တချို့ကိုလည်း ကျေးဇူးပါ။ ဘလော်ခ့်ဆက်ရေးဖြစ်အောင် တိုက်တွန်းခဲ့တဲ့ ဘလော်ခ့်ဂါ သူငယ်ချင်းများလည်း ကျေးဇူးပါ။ လာရောက် လည်ပတ်သူများလည်း ကျေးဇူးပါ။ ဒီဘလော့်ခ် လေးကနေ သူငယ်ချင်းတွေ မိတ်ဆွေတွေ အများကြီး ရခဲ့ပါတယ်။ မြန်မာယဉ်ကျေးမှု ဘလော့်ခ်ကနေလည်း နိုင်ငံခြား မိတ်ဆွေတွေ အများကြီး ရခဲ့တယ်။ သူငယ်ချင်းများကို ခင်တွယ်တတ်တဲ့ ကျွန်တော့်အတွက် ဒီဘလော်ခ့်က သူငယ်ချင်း အမှတ်တရ ဘလော်ခ့် ဆိုရင်လည်း ဟုတ်ပါတယ်။ ကျွန်တော့် ဒိုင်ယာရီ ဆိုရင်လည်း ဟုတ်တယ်။ မှတ်စုစာအုပ် ဆိုရင်လည်း ဟုတ်ပါတယ်။ ဒီဘလောခ့်ကို ဖတ်ရှုလို့ တစ်ခုခု စဉ်းစားစရာ၊ မှတ်သားစရာ ရသွားတယ်ဆိုရင် ကျွန်တော် ၀မ်းသာမိမှာပါ။ စင်္ကာပူမှာ ရှိနေချိန် တွေကတော့ ကိုယ်ရေးကိုယ်တာတွေ ရေးဖြစ်တာ များတယ်။ အခုနောက်ပိုင်းတော့ ဗဟုသုတ ရနိုင်မယ့်ဟာတွေနဲ့ စဉ်းစားမိတာလေးတွေ ရေးဖြစ်တော့တယ်။ အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် မသုံးနိုင်ကြတဲ့ မြန်မာပြည်က သူငယ်ချင်းများအတွက် အထောက်အကူ တစ်ခုခု ရစေချင်တာလည်း အဓိက ဆန္ဒတစ်ခု ပါပဲခင်ဗျား။ မြန်မာ ဘလော့်ခ်များ အများကြီး ရှိလာပါစေလို့ ဆန္ဒပြုပါတယ်။


Tags : Chao , Friend

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: