ဖျားချင်ဦးဟဲ့

March 26, 2006 at 11:02 pm (Uncategorized)

ဖျားချင်ဦးဟဲ့ ဆိုပြီး ကင်မရာယူပြီး ၃ မိုင်လောက် လမ်းလျှောက် ပစ်လိုက်တယ်။ Delhi Hat ဆိုတဲ့ အိန္ဒိယ ရိုးရာ လက်မှု ပစ္စည်းတွေ ရောင်းတဲ့ နေရာကို သွားပြီး ဓါတ်ပုံ လိုက်ရိုက်တယ်။ ၁၅ ရူပီး ပေးရတယ်။ ချွေးတွေဘာတွေ ထွက်ပြီး ကောင်းမလိုလို ဖြစ်သွားသေးတယ်။ အခုကျမှ တကိုယ်လုံး ပြန်နုံးချိပြီး ပင်ပန်းနေပြီ။ သြော် ဘ၀ဘ၀ ဒီကိုယ်ခန္ဓာရှိလို့ ဒီလို နာရ ကျင်ရသတဲ့။ ဘုရားဟော ရှိတယ်။ ကုလားပြည်မှာ လေကောင်းလေသန့် သွားရှူစရာ နေရာက မရှိဘူး။ ဖုံတွေ သဲတွေနဲ့ သေးနံ့တွေပဲ ရှိတယ်။ နွားတွေက လမ်းပေါ်မှာ ဥဒဟို။ နွားချေးဆိုတာ အထူးအဆန်းမဟုတ်။ အခုထက်ထိ နွားချေးနဲ့ မံထားတဲ့ အိမ်တွေ ရှိသေးတယ်။ စရိုက်ပဲ။ စက်မှုဘက်မှာတော့ တိုးတက်ပါရဲ့။ လူနေမှုကတော့ ဖွတ်သာသာရယ်။ ကိုယ်နဲ့ ခင်တဲ့ ကုလားတစ်ယောက်ကို ပြောမိပါတယ်။ မင်းတို့ ကုလားပြည် ဒီလို စည်းမဲ့ကမ်းမဲ့ လမ်းဘေးသေးပန်းတဲ့ အလုပ်မလုပ်ဖို့ အမိန့်ထုတ်ရင် ကောင်းမယ်ဆိုတော့ ဘာပြောတယ် ထင်လဲ။ ဆန္ဒပြပွဲတွေ ဖြစ်သွားနိုင်တယ်တဲ့။ ဒီနိုင်ငံမှာ ဒီမိုကရေစီ ဆိုတာနဲ့ ကိုင်တုပ်ပြီး နေ့တိုင်းလိုလို ဆန္ဒ ပြပွဲတွေ ရှိတယ်။ ဆိုနီယာဂန္ဒီလည်း ရာထူးက ဆင်းသွားပြီ။ ဘာတွေမှန်းကို မသိဘူး။


Tags : Diary

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: