ဦးနှောက်လေ့ကျင့်ခန်း

March 25, 2006 at 12:16 am (Uncategorized)

ကျွန်မတို့ ခန္ဓာကိုယ်ရှိ ကြွက်သားများကို မလှုပ်ရှားစေဘဲ အသုံးမပြုဘဲ ထားမယ်ဆိုရင် ကျွန်မတို့ရဲ့ ကိုယ်ခံ စွမ်းအားတွေ တဖြည်းဖြည်း ယုတ်လျော့လာမှာ ဖြစ်ပါတယ်။ ကိုယ်ခံစွမ်းအား၊ စွမ်းရည်တွေ ကျဆင်းလာ စေရုံတင် မဟုတ်ဘဲ ဖျတ်လတ်ပေါ့ပါး သွက်လက်မှု တွေပါ လျော့နည်းလာမှာ ဖြစ်ပါတယ်။ အလုပ်လုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့ဖြင့် သွက်လက် ထက်မြက်တဲ့ လူသားတစ်ဦး ဖြစ်လာပါမယ်။ စိတ်လေးလံ ထိုင်းမှိုင်းခြင်းများ ခံစားရတာ ကြိမ်ဖန် များလာတဲ့အခါမှာ ဦးနှောက်ကို ပျက်စီးစေသော အယ်လ်ဇိုင်းမားရောဂါ (Alzheimer)နဲ့ ပါကင်ဆန်ရောဂါ (Parkinson‘s_Disease)များကို ခံစားရဖို့ အခွင့်အလမ်း ပိုများလာပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစွာ နေထိုင်ခြင်းဟာ လူ့ဘ၀ရဲ့ အရည်အသွေး တစ်ခုဖြစ်ပြီး အသက်ရှည် ကျန်းမာခြင်း နှင့်အတူ ပျော်ရွှင်ဖွယ် ကောင်းတဲ့ မိသားစုဘ၀ကိုပါ ရရှိလာစေ ပါတယ်။

စိတ်တင်းကြပ် ဖိစီးမှု ၊ ကျန်းမာရေး အတွက် မသင့်လျော်သော အစားအစာများ၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး နဲ့ အရက်သေစာ တို့ဟာ ကျွန်မတို့ရဲ့ ဦးနှောက်ကို ထိခိုက် ပျက်စီးစေပါတယ်။ စိတ်ဖိစီးမှုများ ခံစားရတာ ကြိမ်ဖန် များလာတဲ့အခါမှာ သွေးတိုးရောဂါကို ခံစားလာရပြီး ဦးနှောက် သွေးကြောများကို ပေါက်ပြဲ စေနိုင်ပါတယ်။ Stroke လို့ခေါ်တဲ့ ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာများ ပျက်စီးစေတဲ့ ရောဂါတစ်မျိုးကို ခံစားရပြီး ဦးနှောက် ဆဲလ်များ သေသွား စေပါတယ်။ သွေးတိုးရောဂါ နာတာရှည် ဖြစ်လာတဲ့အခါမှာ ဦးနှောက်တွင်းရှိ သွေးလွှတ် ကြောမကြီး ပေါက်ပြဲစေ နိုင်တဲ့အပြင် အနီးအနားက ဆဲလ်များကိုပါ ပျက်စီးစေပြီး ထိုအင်္ဂါများက လုပ်ဆောင်နေတဲ့ လုပ်ငန်း ဆောင်တာများ ရပ်ဆိုင်း သွားပါတယ်။ ဒါ့ကြောင့် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ ပြုလုပ်ပေး သင့်သလို လူမှုပတ်ဝန်းကျင် မှာလည်း တက်ကြွ သွက်လက်စွာ နေထိုင်ခြင့်ဖြင့် ရုပ်ကျန်းမာရေးရော စိတ်ကျန်းမာရေးပါ ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ စာဖတ်ခြင်းဟာ ဦးနှောက်အတွက် အကောင်းဆုံးသော လေ့ကျင့်ခန်း ဖြစ်ပြီး အသစ်အဆန်းများ စူးစမ်း လေ့လာခြင်း ဟာလည်း ဦးနှောက် ဖွံ့ဖြိုးမှုကို တိုးတက် စေပါတယ်။

စစ်တုရင် ကစားခြင်းဟာ ဥာဏ်ရည် ဥာဏ်သွေး တိုးတက်စေတဲ့ ကစားနည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁ ရက် ၂ရက်ခန့်က ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာ များကို ပြန်လည် စဉ်းစား မှတ်မိစေခြင်း အလေ့အကျင့်ကို ပြုလုပ်ပေးခြင်းဖြင့် ကျွန်မတိုရဲ့ ဦးနှောက်ကို လေ့ကျင့်ခန်း ပြုလုပ်ပေး သင့်ပါတယ်။ Crossword Puzzle ကစားနည်းမျိုးနဲ့ ဥာဏ်စမ်း ပဟေဠိ ဖြေဆိုခြင်း များဟာလည်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး တိုးတက်မှုကို အထောက်အကူ ဖြစ်စေပါတယ်။ ဈေးဝယ် ထွက်တဲ့အခါမှာ ဈေးစာရင်းများကို ဂဏာန်းပေါင်းစက် အသုံးမပြုဘဲ ၊ စာရွက်ထဲမှာ ရေးချမတွက်ချက်ဘဲ စိတ်ထဲမှာတင် တွက်ချက်ခြင်း အလေ့အကျင့် ဖြင့်လည်း ကျွန်မတို့ရဲ့ ဥာဏ်ရည် ဥာဏ်သွေးများ တိုးတက်လာစေ နိုင်ပါတယ်။ စိတ်ပါဝင်စားတဲ့ သင်တန်းတစ်ခုကို တက်ရောက် သင်ယူခြင်း ကလည်း စိတ်ကျန်းမာရေးအတွက် အကောင်းဆုံး လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။

မဟနစံ ရေးသားထားတာကို ပြန်လည် ဖော်ပြတာ ဖြစ်ပါတယ်။
Tags : Brain Exercise , Hanasan , Friend , Knowledge , Essay

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: