သက်ငြိမ်

March 17, 2006 at 4:44 am (Uncategorized)

ကိုယ့်ရဲ့ အခန်းငယ်လေးထဲမှာနေတိုင်း
အားငယ်ထိတ်လန့်စွာ ပုန်းအောင်းနေ တစ်ယောက်ထဲ
အလင်းရောင်များပျောက်ဆုံးသွား အထီးကျန်ကမ္ဘာလေးပဲ
တစ်လောကလုံး ရွံမုန်း စိတ်နာနေဆဲ
ကိုယ့်ရင်ထဲမှာလည်း မှောင်မဲ ပေကျံကာ ပူလောင်နေဆဲ
နေရောင်တစ်ချို့က အခန်းထဲဝယ် ဟိုဒီယိမ်းထိုး ကခုန်ဆဲ
ရွှေရောင်ပန်းခင်း တစ်ခုလိုပဲ တွေ့တယ်။

ကိုယ့်ရဲ့ စားပွဲအိုလေးထက်မှာ ပြန့်ကျဲ
စက္ကူ အပိုင်းအစတွေ ဆေးလိပ်တိုတွေနဲ့
ကံ့ကော်ပန်းခြောက်တစ်ပွင့် ဒါသက်ငြိမ် ပန်းချီကားပဲ
စက္ကန့်များရေတွက် လက်ပတ်နာရီလေးရယ်
ဖျားနာပြီး အိုဆွေး ငိုကြွေး ဂစ်တာဟာ အသံမဲ့သွားတယ်
အဖန်တရာ ဆိုပြီးသား တေးသွားလည်း ခေါက်ရိုးများ ကျိုးနေတဲ့
စာအုပ်ဟောင်းလေး တစ်အုပ်လိုပဲ ရှိတယ်

လက်ဖက်ရည်တစ်ခွက် စုံမက် မနက်ကိုကြိုခဲ့
လမ်းတွေ မီးလင်းချိန် ညအစကို ကြိုမယ့်
နေ့ရက်များ တိုက်စားသွား ဘ၀ဟာ ဘယ်လိုများလဲ
အခန်းအပြင်ဘက်ထွက်ပြေး စကြ၀ဠာအဆုံး
ကောင်းကင်အမိုး ဖောက်ခွဲ တစ်ယောက်ထဲ ထိုင်နေတာ အိပ်မက်တယ်

ယုံကြည်မျှော်လင့်ချက် လမ်းမအလယ် လူတစ်ယောက် မူးလဲနေတယ်
မပီမသ ဆဲရေးသံရယ် ကြားတယ်
ပြတင်းပေါက်တံခါး ဖွင့်ကြည့်တော့
အား.. ညနေခင်းပဲ
လင်းလက် တောက်ပဆဲမှာ ရုတ်တရက်ပဲ
ကွဲအက်လွင့်ကြွေသွားတယ် အို ညနေကြယ်…။

ကျွန်တော်အကြိုက်ဆုံး သီချင်းတစ်ပုဒ်
Tags : Htoo Eain Thin , Song

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: