Hein Latt

March 12, 2006 at 5:52 am (Uncategorized)

သူ့က ကျွန်တော်တို့ အထဲမှာ အရပ်အရှည်ဆုံး အပျင်းဆုံး။ ကျွန်တော်တို့က သူ့ကို လူပျင်းကြီးလို့ ခေါ်တယ်။ ပျင်းတယ်ဆိုတာ သိုးနေအောင် အိပ်တတ်တာကို ပြောတာပါ။ ကျွန်တော်နဲ့ သူနဲ့က ကုန်သွယ်ရေကြောင်းမှာ စသိကြတယ်။ နောက်ပိုင်း အရမ်းခင် သွားကြတယ်။ သောက်ဖော် သောက်ဖက်၊ စားဖော် စားဖက်၊ သောင်းကျန်းဖော် သောင်းကျန်းဖက် တွေပါပဲ။ အရင်က သူ့အိမ်နဲ့ ကျွန်တော်တို့ နေတဲ့ နေရာက နီးတော့ အမြဲတွေ့ဖြစ်တယ်။ ညနေဆို သူငယ်ချင်းတွေ စုပြီး အလုံ ဌာနလမ်း ထိပ်က နွားနို့ဆိုင်လေးမှာ ထိုင်ပြီး စကားပြောရတာ သူငယ်ချင်း ဘ၀ရဲ့ ပျော်စရာ အကောင်းဆုံး အချိန်တွေပါ။ ဒီကောင် အိပ်ပြီဆို တော်ရုံလူ နှိုးဖို့ မလွယ်ပါဘူး။ မနက် ၈ နာရီလောက်ဆို ဒီကောင် အိမ်ကို ရောက်လာပါတယ်။ ပြီးရင် ဘတ်စ်ကားဂိတ်နားမှာ မယောင်မလည်နဲ့ လူတစ်ယောက်ကို သွားစောင့်တတ်ပါတယ်။ အဲကောင်မလေးက သိမသိတော့ မသိဘူး။ တစ်ခါတစ်လေ ကျောင်းအထိတောင် ကားနဲ့ ပါသွားတတ်ပါသေးတယ်။ ဖဲရိုက်တဲ့ နေရာမှာတော့ ပြိုင်စံရှားပါ။ ဖဲရိုက်လို့ မရှုံးဘဲ နာရီလည်း အလကားနေရင်း ပျောက်ဖူးတယ်။ ကျောင်းမှာ တုန်းကလည်း ဒီကောင်ရယ် ညီဇော်ရယ် မျက်ပြူးရယ် ဗိုက်ပူရယ်ဆိုတာ အမှောင်ထဲမှာ ဖယောင်းတိုင် ထွန်းပြီး ဖဲရိုက်တဲ့ ကောင်တွေပေါ့။ နောက်ပိုင်းတော့ အသိတရား ရသွားပြီး ဒါတွေ မလုပ်တော့ပါဘူး။ ဘောလုံးပွဲပဲ လောင်းပါတော့တယ်။ ဒီကောင်က သိပ်စိတ်ကောင်း ရှိပါတယ်။ သူတစ်ပါးကို မတရား မလုပ်တတ်ပါဘူး။ မူးနေရင်တော့ နဲနဲ သတိထားရတယ်။ စော်ဘွားကြီးကုန်းမှာ အရက်သွားသောက်ရင်း ရန်ဖြစ်ကြတဲ့ အကြောင်းကတော့ ကျွန်တော်တို့အတွက် ထာဝရ အမှတ်တရ ပါပဲ ခင်ဗျား။ တော်သေးလို့ ရဲစခန်း မရောက်တယ်။ ရောက်လာတဲ့ ရဲမှူးဆိုတာ မျက်လုံးကို ပြူးလို့။ ရန်ကုန်မှာ ဒီကောင်မရှိရင် ပျင်းဖို့ကောင်းပါတယ်။ အခုတော့ စာမေးပွဲအောင်လို့ ဒုတိယ အရာရှိတောင် ဖြစ်ရောပေါ့။ သူတိုးတက် အောင်မြင်ပါစေလို့ ကျွန်တော်တို့ အားလုံးက ဆုတောင်း ပေးပါတယ်။ ဒါမှ ကျွန်တော်တို့ကို ကျွေးမွေး ပြုစု နိုင်မှာကိုး။ ကျွန်တော်နဲ့ ခင်မင်တဲ့ သူတွေထဲမှာတော့ ဒီကောင်ဟာလည်း အရင်းနှီးဆုံး တစ်ယောက်ပါပဲ ခင်ဗျား။

Tags : NLS , Friend

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: