ရေမွှေးအကြောင်း

March 12, 2006 at 7:14 am (Uncategorized)

ကျွန်တော် သူ့ငယ်ချင်းတွေ တော်တော်များများ ရေမွှေးတွေ ၀ယ်သာ ၀ယ်နေကြတာ။ ဘယ်ဟာက ဘယ်လို ဘယ်လောက်ခံတယ် ဆိုတာ မသိကြပါဘူး။ ရေမွှေးက အမျိုးအစားချင်း တူရင်တောင် တာရှည်ခံ အနံ့စွဲမှု ကွာနိုင်ပါသေးတယ်။ ရေမွှေးတွေကို –

  1. Perfume
  2. Eau de Perfume
  3. Eau de Toilette
  4. Eau de Cologne
ဆိုပြီး ခွဲထားတယ်။ သူ့အထဲမှာ ပါတဲ့ ရနံ့စွမ်းအားပေါ် မူတည်ပြီး ခွဲထားတာပါ။ အပေါ်ဆုံးဟာက အပြင်းဆုံးပါ။ အဆီအများဆုံးပါ။ အော်ဒီ အမျိုးအစားတွေက တဆင့်ပြီး တဆင့် အဆီပါဝင်မှု နည်းသွားပါတယ်။ ကျွန်တော်တို့ သုံးတဲ့ After Shave တွေမှာတော့ အဆီ မပါတော့ သလောက်ပါပဲ။ ဒါကြောင့် သူက အနံ့ တာရှည်ခံမှုမှာ အနည်းဆုံး ဖြစ်ပြီး ပါဖျုန်း က ကြာရှည် အခံဆုံး ဖြစ်တာပါ။

အဆီပြန်တဲ့ အသားအရည် ရှိသူတွေမှာ ရနံ့ဟာ ကြာရှည်ပိုခံပါတယ်။ အသားအရည် ခြောက်သွေ့သူတွေမှာ သိပ်မခံပါဘူး။ ဒါကြောင့် ရေမွှေးချင်းအတူတူ တချို့မှာ အနံ့ သိပ်စွဲတာ တွေ့ကြမှာပါ။ အဲဒါကြောင့်လည်း ရေမွှေးကို နားရွက်နောက်၊ လည်ပင်းနဲ့ လက်ကောက်ဝတ် နေရာတွေမှာ ဆွတ်ခိုင်းတာပါ။ ရေမွှေးဝယ်ရင် အဲဒါကို ကြည့်ပြီး ၀ယ်ကြပါခင်ဗျား။ ကိုယ်က အော်ဒီကလုန်း ၀ယ်ထားပြီး အနံက တာရှည်လည်း မခံဘူး။ ပျော့လည်း ပျော့တယ်ဆိုပြီး ပြောမိရင် အရှက်ကွဲနေ ကြပါဦးမယ်။ ကျွန်တော့် အကြိုက်ဆုံးကတော့ Tommy Hilfiger ဖြစ်ပါတယ်။ သူ့ကို ရေတစ်ခါ လျှော်ပြီးသွားတဲ့ အနံ့လေးကို သိပ်ကြိုက်ပါတယ် ခင်ဗျား။

Tags : Perfumes , Knowledge

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: