KZY and Death Lock

February 28, 2006 at 1:10 am (Uncategorized)

ကျွန်တော် အွန်လိုင်း စသုံးပြီး စာတွေ စရေးဖြစ်ကတည်းက အခုချိန်အထိ သူငယ်ချင်း အနည်းအကျဉ်း ရခဲ့တယ်။ သာမဏေန သာမဏေနော၊ ဂုဏေနဂုဏော လို့ပဲ ပြောရမလား မသိဘူး။ စာပေကို မြတ်နိုးသူ အချင်းချင်း ၊ ဂီတကို မြတ်နိုးသူ အချင်းချင်း ခင်မင်ခွင့် ရခဲ့တယ်။ သူတို့တွေနဲ့ စကားပြောရတာ ပေါင်းရတာ သိပ်ကောင်းတယ်။ အယူအဆ မတူတာ တချို့ ရှိပေမယ့် ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် မပုတ်ခတ်ကြဘူး။ နားလည်ကြတယ်။ အချင်းချင်း အားပေးကြတယ်။ အများကြီး ပြောစရာ မလိုဘဲ နဲနဲ ပြောရုံနဲ့ နားလည်ကြတယ်။

ပထမဆုံး သိတဲ့ တစ်ယောက်က ဒီအယ်လ် လို့ခေါ်တဲ့ ကဗျာရေးကောင်းတဲ့ ညီမငယ် တစ်ယောက်ပါ။ သူ့ကို အစကဆို မိန်းခလေးမှန်း မသိပါဘူး။ ကျွန်တော်လည်း မမေးမိဘူး။ တော်တော်ကြာမှ သိတာပါ။ သူနဲ့ ကျွန်တော်နဲ့က မော်ဒန် ကဗျာကို နှစ်သက်ပုံခြင်း မြင်ပုံခြင်း တူပါတယ်။ ကျွန်တော်တို့ အချင်းချင်း အပြုသဘော ဝေဖန်ကြတယ်။ ထောက်ပြကြတယ်။ ပန့်ခ်တွေကို နှစ်သက်တဲ့ death-metal တေးဂီတကို နှစ်သက်တဲ့ သူမဟာ အပြင်မှာ တွေ့ရင် ထင်ရက်စရာ မရှိအောင်ကို စကားနည်း အေးဆေးပါတယ်။ ကျွန်တော် တွေ့ခဲ့ဖူးတဲ့ သူငယ်ချင်း မိန်းခလေး တွေထဲမှာ ဒီအယ်လ်ဟာ အကောင်းဆုံး မော်ဒန်ကဗျာ ရေးနိုင်သူ တွေးခေါ်တတ်သူ တစ်ယောက် ဖြစ်ပါတယ် ခင်ဗျား။

နောက်တစ်ယောက်က ဒီအယ်လ့်အကို ခက်ဇန်ရဲပါ။ သူနဲ့ ကျွန်တော်က ရွယ်တူတွေပါ။ သူ့ပထမဆုံး ကဗျာလေး ပလန်းနက်မှာ စတွေ့တော့ ချက်ခြင်းပဲ ကျွန်တော်တို့ လိုင်းတူတယ် ဆိုတာ သိခဲ့တယ်။ နောက်ပိုင်း သူနဲ့ ကျွန်တော် မက်ဆင်ဂျာမှာ စကားပြော ဖြစ်ကြတယ်။ ရန်ကုန်မှာ တွေ့ဖြစ်ကြတယ်။ ခက်ဇန်ရဲဟာလည်း ကျွန်တော့်လိုပဲ ဟိုစပ်စပ် ဒီစပ်စပ်လို့ ပြောလို့ရတယ်။ သီချင်းတွေရေး သီချင်းတွေလည်း ဆိုတယ်။ သူ့အသံဟာ တော်တော် ကောင်းပါတယ်။ Own Tune ကို ထိထိမိမိ ရေးနိုင် ဆိုနိုင်တယ်။ သူ့အခွေကို လုပ်နေတာ ကြာပါပြီ။ နောက်ဆုံး မြန်မာပြည် ကျွန်တော် ရောက်တော့ စတီရီယိုမှာ သူနဲ့ တွေ့ဖြစ်သေးတယ်။ သီချင်းတွေ မစ်စ်ဒေါင်း လုပ်နေပြီ။ လင်းဆက်ရာ ခင်ဗျားနဲ့ ကျွန်တော်နဲ့ က အဲဒါကြောင့်မို့ ပေါင်းလို့ ရတာလို့ သူမကြာခဏ ပြောတတ်ပါတယ်။ သူအောင်မြင်မယ်လို့ ကျွန်တော် ယုံကြည်ထားတယ်။ သူတို့ မောင်နှမ နှစ်ယောက်က ကျွန်တော့်အတွက် အမှတ်တရ ကဗျာ ရေးပေးထားတာ ရှိပါတယ်။ ကျွန်တော့် ကဗျာ စာအုပ်လေးထဲမှာ ဖော်ပြထားပါတယ်။ (Click) ကျွန်တော်တို့ နှစ်ယောက်ပေါင်းပြီး ကဗျာစာအုပ် ထုတ်ဖို့လည်း တိုင်ပင်ထား သေးတယ်။

Tags : Friend , Diary , KZY , Death Lock

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: