အရင်အတိုင်းပဲ မြန်မာ

February 28, 2006 at 12:14 am (Uncategorized)

အိမ်မှာ စလောင်းလေး ထောင်လိုက်တော့ မြန်မာပြည်က တီဗီ အစီအစဉ်လေးတွေ ကြည့်လို့ ရပြီခင်ဗျ။ ဘာများ ထူးခြား လာမလဲလို့ ထိုင်ကြည့်မိတယ်။ နေမြဲ အတိုင်းပါပဲ ခင်ဗျား။ ကြော်ငြာတွေမှာ ဒါရိုက်တာတွေ နာမည်ကြီးထိုးတုန်း၊ မင်းသား မင်းသမီးတွေ ပြေးတုန်းလွှားတုန်း၊ သီချင်းတွေ တကျော်ကျော် အော်ပြီး ကုန်စည်တွေကို ကြော်ငြာနေတုန်း၊ အစိုးရရုံးပိတ် ရက်တွေတိုင်း ပြည်သူ ပြည်သားတွေ ဘုရားကျောင်းကန် တက်ပြီး ပျော်ရွှင် အေးချမ်း နေတုန်းပဲ ခင်ဗျ။ အမျိုးတွေကတော့ ပြောတယ် မီးမလာတာ တော်တော် ကြာပြီတဲ့။ အင်ဗာတာတောင် အားမသွင်းနိုင်လို့ မီးစက် ၀ယ်ထားရတယ်တဲ့။ ဘုရားဘုရား။ မီးမရှိတဲ့ နေရာမှာ နေရမှာတော့ မပျော်နိုင်ပါ။ မီးရှိမှ အလင်းရှိတယ်။ အလင်းရှိမှ တိုးတက်တယ်။ အမှောင်ဖုံးတယ် ဆိုတဲ့ စကားဟာ ဘာအတွက်မှ မကောင်းဘူးလေ။ သြော် မြန်မာပြည် ပထမဆုံး မီးအရင် ပြည့်ပြည့်၀၀ ရပါစေ။ မန်း သတင်းတွေ ကြားနိုင်ဖို့၊ အကိုကြီး ကိုမောင်လှ ဘလော်ခ့် ရေးနိုင်ဖို့လည်း မီးလာပါစေလို့ ဆုတောင်း လိုက်ပါတယ်။

Myanmar , Diary

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: