နှမြောစရာ ပုဂံ

February 27, 2006 at 4:47 pm (Uncategorized)

ဒီနေ့ အန်တီ တစ်ယောက်ကို လက်ဆောင် ပေးဖို့ World Architectures ဆိုတဲ့ စာအုပ်လေး သွားဝယ်ဖြစ်တယ်။ အဲဒီ စာအုပ်ထဲမှာ ပုဂံ အကြောင်း ပါလာလို့ ဖတ်ရင်းနဲ့ Wiki မှာ သွားရှာကြည့်တယ်။ အဲဒီအခါ ဒီစာပိုဒ်လေးကို တွေ့ပါတယ်။

UNESCO has long tried unsuccessfully to designate Bagan as a World Heritage Site. However, Bagan’s chance of becoming a World Heritage Site is now slim, as the government has renovated many temples and pagodas without taking into consideration their former architectural styles.

ကျွန်တော်လည်း ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါပဲ။ ဒါပေမယ့် ပုဂံ ဘုရားတွေ ပြင်တဲ့ ကိစ ကိုတော့ ကန့်ကွက်ချင်တယ်။ ကျွန်တော့် မျက်လုံးထဲမှာ ပုဂံဟာ ရှေးဟောင်း အမွေအနှစ် လက်ရာတွေပဲ။ ဘုရား ဆိုတာထက် အမွေအနှစ်လို့ သတ်မှတ်ပါတယ်။ ရှေးဟောင်း အမွေအနှစ်တွေဟာ တန်ဖိုးရှိတယ်။ အဲဒီ အနုပညာ လက်ရာတွေကို သမရိုးကျ ပြုပြင် ပြင်ဆင် ခြင်းဟာ ဖျက်ဆီးရာ ရောက်ပါတယ်။ ပြင်ဆင်သူတွေရဲ့ စေတနာကို အသိအမှတ် ပြုပါတယ်။ ဒါပေမယ့် သူတို့ ဘာလုပ်နေတယ် ဆိုတာ သူတို့ သိကြရဲ့လား ဆိုတာကိုတော့ သံသယ ဖြစ်မိတယ်။ တစ်ခါက လီယိုနာဒိုဒါဗင်ချီ ရဲ့ မိုနာလီဆာ ပန်းချီကားကို ပြင်ဆင်တာကို ဖတ်လိုက်ရတယ်။ ရှေးဟောင်း သုတေသန ပညာရှင်တွေ၊ ကျွမ်းကျင်သူ ပညာရှင်တွေ ပေါင်းစည်း တိုင်ပင်ပြီးမှ စနစ်တကျ ဒီပန်းချီကားကို သန့်စင် မွမ်းမံခြင်း လုပ်ကြတာပါ။ ကျွန်တော်တို့ ပုဂံ ဘုရားတွေကို ပြုပြင်လိုက်တာ လွန်စွာ နှမြောဖို့ ကောင်းပါတယ်။ ထီးတော် ပြိုကျနေပါစေ၊ ငုံးတိ ဖြစ်နေတဲ့ စေတီ ဖြစ်ပါစေ. အဲဒါဟာ သမိုင်းဝင် အနုပညာပါ။ အဲဒါကို ဖြစ်ကတတ်ဆန်း ပြင်ဆင်တာဟာ တန်ဖိုးကျအောင် လုပ်တာပါပဲ။ အဲဒါကြောင့် ပုဂံ ဘုရားတွေ ပြင်တယ် ဆိုတိုင်း ကျွန်တော် ဘယ်တုန်းကမှ သာဓု မခေါ်ခဲ့ဘူး။ မချီးကျူးခဲ့ဘူး။ တောက်တခေါက် ခေါက်နဲ့ မြန်မာတွေ အသိဥာဏ်မဲ့တာကို ၀မ်းနည်း နေခဲ့မိတယ်။ ရှေးဟောင်း အနုပညာကို ပြင်ဆင်လိုက်ရင် ရှေးဟောင်း မဟုတ်တော့ဘူး။ တကယ်ဆို ယူနက်စကို အမွေအနှစ် ထိန်းသိမ်းရေးလို အဖွဲ့အစည်းတွေ အကူအညီကို ယူပြီး ပြင်ဆင် သင့်ပါတယ်။ အခုတော့ သာမန် ပန်းရံ သမားတွေ လက်ရာနဲ့ အနုပညာတွေ အများကြီး တန်ဖိုးမဲ့ခဲ့ရပြီ။ ကျွန်တော်ကတော့ မျက်လုံးတွေကို ခွဲထားပါတယ်။ ဘာသာရေးဟာ ဘာသာရေးပါ။ အနုပညာဟာ အနုပညာပါ။ ပုဂံကို ကျွန်တော်က အနုပညာ အမြင်နဲ့ပဲ မြင်ပါတယ် ခင်ဗျား။

Tags : Idea , Bagan

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: