ပျောက်ဆုံးခြင်း

February 27, 2006 at 11:33 pm (Uncategorized)

တိုက်စားခံ ကမ်းပါးများလို
ပြိုကျသွားပေမယ့် ပျောက်ပျက်မသွားခဲ့ဘူး
သီချင်းသံတွေ ကြားလည်း
ငါ့မျက်လုံးများ မမှိတ်တော့ဘူး
ငါ့သွေးကြောများ တုန်ခါခဲ့ရာ မျက်ဝန်းက
စိုစွတ်တဲ့ နှုတ်ခမ်းပါးတွေ ရှိရာ ညနေရီ
ဒီလိုပါ
ဖျတ်ခနဲ လှုပ်သွားတဲ့ နှလုံးခုန်သံက
ကောင်မလေး မျက်ဝန်းဖျားက အမာရွတ်လေး ဖြစ်မယ်
မှန်ကို ပြန်ကြည့်တိုင်း နာကျည်းမှု စတင်မယ်
လည်နေတဲ့ ကမာမြေကို လိုက်ရေ မိခဲ့သူက
ကြိုးခဏခဏ ပြတ်တတ်တဲ့ ငါ့ဂီတာလေး ဖြစ်တယ်
ကောင်မလေးက ယုဒ ဖြစ်တယ်
သူကိုယ်တိုင် မသတ်ခဲ့ဘူး
စကားလုံးတွေကို စေပါးခဲ့တယ်
နံရံပေါ်က သစ်ရွက်လေးကလည်း
လူတစ်ယောက်ရဲ့ နောက်ဆုံးအပြုံးကို မြင်သွားနိုင်တယ်
ငါစောင့်နေကြ လမ်းလေးက တယောသံ ချိုမြမြ
အခိုးအငွေ့လေးတွေပဲ ကျန်ခဲ့ကြတယ်
ခဏလေး
ငါ..
မင်းရဲ့ အသက်ရှူမှုလေးကို အမှတ်တရ ခိုးယူချင်လို့ပါ
တိတ်တဆိတ် မမြင်ချင်ယောင် ဆောင်ပေးပါ
အမှန်တရားအတွက် ပညာရှိတွေ သေဆုံးဖူးတယ်
နာကျင်ပေမယ့် အဆိပ်ခွက်တွေက တခါတရံ ချိုမြကြတယ်
ပါးစပ်နဲ့ ပြောရတဲ့ စကားတွေကို ငါမုန်းတယ်
နားနဲ့မှ နားဆင်တတ်ကြတဲ့ သူတွေကို ငါမုန်းတယ်
တကယ်လို့များ ငါတို့တွေ ဆွံ့အ အလင်းကွယ်ပျောက် သွားခဲ့ကြရင်
ဘယ်ဘာသာနဲ့ ငါတို့ ဆက်သွယ် နိုင်ကြတော့မလဲ
မင်းတို့ကြားမှာ
ငါကတစ်ယောက်တည်း
ကမာဦး စကားကို ဆိုသူ ဖြစ်ခဲ့တယ်။

27.02.2006
Tag : Poem

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: