ဘုရင့်နောင်ရုပ်ရှင်

February 27, 2006 at 11:56 pm (Uncategorized)

မနေ့က MRTV-3 မှာ ဒါရိုက်တာ ဦးကြည်စိုးထွန်းက ဘုရင့်နောင် အကြောင်းကို ယိုးဒယားထက် သာအောင် ရိုက်ချင်တယ် ဆိုပြီးပြောနေတာကို ကြားလိုက်ရပါတယ်။ ဘုရားရေ။ နောက်ထပ် မြန်မာပြည်ကို သိက်ခါ ချမယ့် ကားတစ်ကား လာဦးမှာလား မသိဘူး။ ဦးတည်ချက်ကလည်း အံ့သြစရာဗျ။ ဆူရိယိုထိုင်းမှာ တပင်ရွှေထီးကို ရိုက်ထားတာ ကာရိုက်တာ မပီပြင်လို့၊ ဗမာတွေကို နှိမ်ထားလို့လို့ ဆိုပါတယ်။ မဟုတ်သေးဘူး။ အနုပညာ သမားဟာ အနုပညာ တစ်ခုကို ဘာအတွက် လုပ်မှာလည်း။ မှန်တယ် အဲဒီကားမှာ တပင်ရွှေထီး ပုံစံက အခြောက်လို ဖြစ်နေတယ်။ ဒါပေမယ့် အဲဒီကားဟာ ဗမာပြည် အရေးက နည်းနည်း၊ သူတို့ ပြည်တွင်းရေးကို အဓိကထား ရိုက်ထားတာ ဖြစ်တယ်။ ဇာတ်သဘောအရ ဗမာပြည်က ပါလာရတယ်။ အဲဒီ အမ်အာတီဗီ ကလူတွေ ဆွေးနွေးနေကြတာက သူတို့ ရိုက်ချင်တဲ့ ဘုရင့်နောင် ဇာတ်ကားကိုသာ ရိုက်မယ်ဆို ယိုးဒယားကို တိုက်တာ အောင်မြင်တာကို အပီအပြင် ရိုက်မယ်တဲ့ ခင်ဗျား။ ကျွန်တော်ဖြင့် အံ့သြလို့ မဆုံးဘူး။ ဘာလို့ မြန်မာတွေ ခေတ်ဟောင်းကို တမ်းတ နေကြတာလည်း။ ဘာလို့ သူများ နိုင်ငံကို ကျူးကျော်တာကို ဂုဏ်ယူ နေကြတာလည်း။ ကိုယ့်ကျတော့ အင်္ဂလိပ် လက်အောက် ကျခဲ့တာကို တောက်တခေါက်ခေါက် ပြောနေကြတယ်။ ကျူးကျော်သူ အခြင်းခြင်း ဗမာက ယိုးဒယားကို ကာလကြာအောင် မထိန်းသိမ်း နိုင်ခဲ့ဘူး။ အင်္ဂလိပ်တွေကတော့ မြန်မာပြည်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ကြတယ်။ ရှင်းရှင်းလေးပါ။ ကျွန်တော်တို့ အဲဒါတွေ အားလုံးကို မေ့လိုက်သင့်ပြီ။ သူများ တိုင်းပြည်တွေလို အဘက်ဘက်က တိုးတက်အောင် လုပ်ဖို့ ကြိုးစားသင့်နေပြီ။ အလကားနေရင်း သမိုင်းတွေ ပြန်နှူးပြီး စားမြုံ့ပြန် ကျေနပ်နေရင်တော့ အောက်ကျနောက်ကျ ဖြစ်နေဦးမှာ အသေအချာပဲ။ ရိုက်သင့်ပါတယ်။ ဒီလိုကားမျိုးကို။ ဒါပေမယ့် သူတို့ ဦးတည်ချက်ကတော့ အနုပညာ မမြောက်ပါဘူးလို့ မြင်မိတယ်။ ဘုရင့်နောင် မင်းတရားကြီးရဲ့ လက်ရုံးရည် နှလုံးရည်ကို မြန်မာပြည်ထဲက အကြောင်းတွေပဲ ရိုက်ဦး ကုန်မှာကို မဟုတ်ဘူး။ ကျွန်တော်တို့က Documentary Film ကို ကြည့်ရမှာလား Art ကို ကြည့်ရမှာလား။ ပရိသတ်ကို ဒါမျိုးနဲ့ မလှည့်ဖျား သင့်ပါဘူး။

Tag : Idea

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: