အချစ်နဲ့ ပညာရေး

February 25, 2006 at 1:25 am (Uncategorized)

ကျွန်တော်နဲ့ ခင်တဲ့ ညီလေး နှစ်ယောက်ရှိတယ်။ သူတို့က ကွန်ပြူတာကို သိပ်တော်ကြတယ်။ နှစ်ယောက် စလုံးက ၁၇-၁၈ ပေါ့။ သူတို့တွေက ကျွန်တော့်ကို ရင်ဖွင့်ကြတယ်။ သူတို့ရဲ့ အချစ်ရေးပေါ့။ နှစ်ယောက် စလုံးကလည်း ရည်းစား တစ်ခါမှ မထားဘူးသေးတော့ ဆီးဖြူသီးကို စကောထဲ ထည့်လှိမ့်သလို ဖြစ်နေတာပေါ့။ ကျွန်တော့်ကို မေးတဲ့ မေးခွန်းတွေကလည်း အများကြီးပါ။ အများဆုံး ကြုံရတာက ရှေ့ရေး အကြောင်းပါ။ ရည်းစား ဖြစ်မယ်မှ မကြံသေးဘူး သူတို့တွေ ရှေ့ရေး တွေးပူ နေကြတာကို တွေ့တော့ ကျွန်တော် ပြုံးမိပါတယ်။ ကျွန်တော့် တုန်းကရော ဒီလိုပဲလား။ ကျွန်တော် ထင်တယ်။ ဒီအရွယ်ဟာ သိပ်ကို ရှေ့ရေး တွေးလွန်းတဲ့ အရွယ်ပါ။ အဲဒီလို စိုးရိမ်စိတ်တွေ များနေတော့ သူတို့တွေ တခြား ဘာမှ မလုပ်နိုင် တော့ပါဘူး။ စားလည်း ဒီစိတ် သွားလည်း ဒီစိတ်၊ အိပ်လည်း ဒီစိတ်နဲ့ ကိုယ့်ကိုယ်ကို ညှင်းပန်း ကြပါတယ်။ စာတွေလည်း မလုပ်ကြတော့ ပါဘူး။ သူတို့ကို ကျွန်တော်က ဒါမလုပ်နဲ့၊ ဒါလုပ်ရင် ဒီလို ဖြစ်လိမ့်မယ် လို့ ပြောတယ်။ သူတို့ မယုံကြဘူး။ ကျွန်တော် သူတို့ အရွယ်က ဖြတ်လာတယ် ဆိုတာ သူတို့ မေ့နေကြတယ်။ ကျွန်တော်က လူငယ်တွေကို ဘယ်တော့မှ မတားပါဘူး။ တားဆီးခြင်းဟာ လူတစ်ယောက်ရဲ့ အသိဥာဏ်ကို နှောင့်နှေး စေတယ်လို့ ကျွန်တော်က ယူဆပါတယ်။ လူငယ်ဆိုတာ ကိုယ်ထင်ရင် ထင်သလို လုပ်တတ်ကြပါတယ်။ အဲဒီတော့ ကျွန်တော်က သူတို့ကို ကောက်ကြောင်းပဲ ပြပါတယ်။ သူတို့တွေ လက်တွေ့ ကြုံတဲ့အခါ ကျွန်တော် ပြောတာထက် ပိုပြီး လေးလေးနက်နက် အသိ ရသွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ သူတို့တွေကို တစ်ခုခုတော့ ပြောချင်ပါတယ်။ ဒါပေမယ့် အဲဒါက နိုင်ငံတော်နဲ့ ချီနေတော့ သူတို့တွေ စိတ်မ၀င် စားကြပါဘူး။ သူတို့အတွက် အချစ်က နံပတ် ၁ ဖြစ်နေပါတယ်။ ညီလေး တစ်ယောက်က ပြောတယ် ။ အကို ကျွန်တော် သူ့ကိုမှ မရရင် သတ်သေ တော့မယ်တဲ့။ ကျွန်တော်က ရယ်တော့ အကိုမယုံ ဘူးလားတဲ့။ ကျွန်တော်က မယုံတာ မဟုတ်ပါဘူး။ အရွယ်နဲ့ အတွေ့အကြုံရဲ့ ပြောင်းလဲမှုကို သတိရမိလို့ သဘောကျ သွားတာပါ။ နောင် ၂ နှစ်လောက် နေတဲ့အခါ အဲဒီ ကောင်မလေးတွေက သူတို့ကို ပြန်မချစ်လာ နိုင်ဘူးလို့ ဘယ်ပြောနိုင် မလဲ။ ဒါပေမယ့် အဲဒီအရွယ်က အခု ရေတွင်းတူး အခု ရေကြည်သောက် ချင်တဲ့ အရွယ် ဖြစ်နေတာ ခက်တယ်။ နောင် သူတို့တွေ ကျွန်တော့်အရွယ် ရောက်လာတဲ့အခါ ကျွန်တော့လိုပဲ အရင်က ကုန်သွားတဲ့ အချိန်တွေကို ပြန်လိုချင်လာမယ်။ နှမြော တတ်လာမယ်။ ထို့အတူပဲ ဒီခံစားမှု လေးတွေကိုလည်း ပြန်သတိရ ကြဦးမှာပါ။ အဲဒီအခါ ခံစားမှု ဆိုတာ ကိုင်တွယ်ဆုပ်ကိုင် ထားလို့ မရဘူးဆိုတာနဲ့ အချိန်နဲ့ ပညာဟာ ကိုယ့်အတွက်၊ တိုင်းပြည်အတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာ သူတို့တွေ သိသွားကြမှာပါ။ ကျွန်တော်တို့ ခေတ်မှာ ကျည်ပွေ့က အတက်ပေါက်တယ် ဆိုတဲ့ စကားက ခေတ်အောက်သွား ပါပြီ။ ငယ်ရွယ်စဉ် ကတည်းက စူးစူးနစ်နစ် ကြိုးစားမှ နောင်အခါ လူတွေအားလုံးနဲ့ မတူတဲ့ လူတစ်ယောက် ဖြစ်လာမှာပါ။ လူတိုင်းနဲ့ တူရတာ လွယ်ပါတယ်။ လူတိုင်းနဲ့ မတူရတာက သိပ်ကို ခက်ပါတယ် ခင်ဗျား။ ကျွန်တော့် ညီလေးတွေ အချစ်ရေး အဆင်ပြေပြီး ပညာကို တစိုက်မက်မက် လေ့လာ နိုင်ကြပါစေလို့ ကျွန်တော်က ဆုတောင်း ပေးလိုက်ပါတယ်။

Tag: Diary , Idea

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: