Myanmar Vs India

February 21, 2006 at 7:46 pm (Uncategorized)

ကုလားပြည်မှာ နေတာ ကြာလာတော့ ဒီက လူတွေ အကြောင်းကို ပိုပို သိလာပါတယ်။ တစ်ခါက ကျွန်တော် သူငယ်ချင်း တစ်ယောက်ကို ပြောဖူးတယ်။ အရင်က ဗိုလ်ချုပ်ကြီး နေ၀င်းကို ကြံဖန် ချီးကျူး ပါဆိုရင် ကျွန်တော် တစ်ခုပဲ ကျေးဇူးတင်မယ်လို့။ အဲဒါက သူ့လက်ထက်မှာ ချစ်တီးတွေ အများအပြားကို ပြည်တော် ပြန်စေ ခဲ့တာပါပဲ။ အခု အဲဒီ အဆိုက ပိုပြီး ခိုင်မာသွားတယ်။ ဘာလို့လဲဆိုရင် သိပ်ညစ်ပတ် လို့ပါပဲ။ ဟုတ်တယ်။ ဒီမှာ ညဘက်ဆို လမ်းတွေမှာ ရေတွေ ရေတွေ အိုင်နေလိုက်တာ။ ရေထင်ပြီး သွားမနင်း လိုက်နဲ့။ အပေါ့ သွားထားကြတာပါ။ နေရာအနှံ့မှာ သေးပေါက် ကြတယ်။ လမ်းဘေး လူမြင်ကွင်း မှာလည်း ပေါက်ကြတာပဲ။ မြို့လည် လမ်းဘေးမှာလည်း ပေါက်ကြတာပဲ။ စင်္ကာပူမှာ တုန်းကလည်း ကုလားတွေ အလုပ်လုပ်တဲ့ ဆိုက်တွေမှာဆို အနံ့တွေ ဟောင်နေတာပဲ။ သူတို့တွေ ညစ်တီး ညစ်ပတ် နိုင်ကြတယ်။

ပြီးတော့ India နဲ့ China ဟာ အင်အားကြီး နိုင်ငံတွေ ဆိုပေမယ့် တိုးတက်လာတာ နှစ် ၅၀ လောက်ပဲ ရှိပါသေးတယ်။ India က Democracy ကို လက်ခံ ကျင့်သုံး နေပြီး China က ပြုပြင် ပြောင်းလဲ ထားတဲ့ Communist ၀ါဒကို ကျင့်သုံး နေဆဲပါ။ တကယ်တော့ တရုတ်က ကွန်မြူနစ် နိုင်ငံသာ ဆိုတာ သူတို့ တကယ် လက်ခံ ကျင့်သုံး နေတာက အဲဒီ လမ်းစဉ်နဲ့ လုံးလုံးကြီး မတူတော့ပါဘူး။ နာမည်ခံ သက်သက်သာ ရှိပါတော့တယ်။ India ကတော့ ဒီမိုကရေစီ နိုင်ငံ ခံယူ ထားပေမယ့် ဒီမှာက အမျိုးဇာတ် ခွဲခြားတာတွေ၊ အဆင့်အတန်း ခွဲခြားတာတွေက အရမ်း အမြစ် တွယ်လွန်းနေတော့ တိုးတက် သင့်သလောက် မတိုးတက်တော့ ပါဘူး။ ဘာနဲ့ သွားတူသလဲ ဆိုတော့ တရုတ်က ဘီလူးခေါင်း ဆောင်းထားတဲ့ လူချော တစ်ယောက်နဲ့ တူပြီး၊ India ကတော့ မင်းသားခေါင်း ဆောင်းထားတဲ့ ရုပ်ဆိုးဆိုး လူတစ်ယောက်နဲ့ တူပါတယ်။ နိုင်ငံရေးကို ပြောတာ မဟုတ်ပါဘူး။ လူမှုရေးကို ဆိုလိုတာပါ။

တရုတ် မှာ စတိုးဆိုင် တစ်ခုထဲကို သွားတဲ့အခါ ဈေးရောင်းသူဟာ မိန်းခလေးတွေ ဖြစ်မယ်၊ လာရောက် ၀ယ်ယူသူကို ချိုသာတဲ့ အပြုံးတွေ စကားတွေနဲ့ သူ့ကုန်စည်ကို ၀ယ်ယူချင်လာအောင် စည်းရုံးမယ်။ Indian တွေကတော့ အဲလို မဟုတ်ပါဘူး။ သူ့ဆိုင်ထဲကို ၀င်လာတာနဲ့ ခြေဆုံး ခေါင်းဆုံး ကြည့်မယ်။ ပြီးရင် ခပ်ပိန်းပိန်း ယောက်ျား တစ်ယောက်လာမယ်။ ဘာယူမလဲ မေးမယ်။ ဘာမှ မ၀ယ်ဘူး ဆိုတာ သိရင် လှည့်ထွက်သွားမယ်။ တကယ်လို့ ယူမယ်ဆိုလည်း မျက်နှာထား ရှစ်ခေါက်ချိုးနဲ့ ၀တ်ကျေတန်းကျေ ပေးမယ်။ ကျေးဇူးတင်ပါတယ် Thankyou ပြောမယ်လို့တော့ မထင်လိုက်ပါနဲ့။ အဲဒါကြောင့် တရုတ်ဟာ ဈေးကွက် စီးပွားရေးမှာ India ထက် အများကြီး သာသွားတာ ဖြစ်ပါတယ်။ ပိုပြီးလည်း တိုးတက်သွားတယ်။ Business သဘောကို ပိုပြီး သိတယ်လို့ ဆိုနိုင်တယ်။

နောက်တစ်ခုက ဒီမှာ မြန်မာပြည်လိုပဲ နိုင်ငံခြားသား ဆိုရင် လှည့်ဖျားလိမ်လည် တတ်ကြပါတယ်။ ဈေးနှုန်းတွေ မတန်တဆ တင်တတ်ကြတယ်။ မြန်မာနဲ့ ကုလားဟာ စိတ်ဓါတ် အတော်လေး တူပါတယ်။ ယဉ်ကျေးမှု အတော် နည်းပါးပါသေးတယ်။ မရရင် မလုပ်ဘူး ရရင် လုပ်လိုက်မယ် ဆိုတဲ့ စိတ်ရှိကြတယ်။ အဲဒီ စိတ်ဟာ လူမှု အဆင့်အတန်းကို မြင့်တက် မလာစေပါဘူး။ ဒါပေမယ့် နည်းပညာမှာ India ဟာ အရမ်း တိုးတက်သွားပါပြီ။ နှစ် ၅၀ အတွင်းမှာ ဒုံးပျံတွေ လေယာဉ်ပျံတွေ ထုတ်နိုင်ခဲ့ပြီ။ သုခမြို့တော်လို ဇာတ်လမ်းထဲက နိုင်ငံကြီး တစ်ခုဟာ ဒီအချိန် လေးအတွင်းမှာ အဲဒီအချိန်က ကိုယ့်ထက် တိုးတက်တဲ့ မြန်မာပြည်လို နိုင်ငံမျိုးကို အပြတ်အသတ် ကျော်တက် သွားပါပြီ။ အဲဒါဟာ စဉ်းစားဖို့ ကောင်းတဲ့ အချက်တစ်ခုပါပဲ။ Indiaဟာ သူ့ကျွန်ဘ၀ ရောက်ခဲ့ပေမယ့် ခုထိ အုပ်စိုးသွားတဲ့ အင်္ဂလိပ်ကို မကောင်းမပြောပါဘူး။ တံခါးပိတ်ပြီးလည်း မဆက်ဆံ ခဲ့ဘူး။ စင်္ကာပူက လီကွမ်ယု ပြောသလိုပါပဲ။ သူတို့ကြောင့် ကျွန်တော်တို့ တိုင်းပြည် အရမ်းတိုးတက် လာခဲ့တယ်တဲ့။ နိုင်ငံခြားသားကို ရန်သူလို့ မမြင်ပါဘူး။ ဒါဟာ ကျွန်တော်တို့ မြန်မာတွေနဲ့ ကွာတဲ့ အချက်ပါပဲ။

India ဟာ လူနေမှု အဆင့်အတန်းနဲ့ စိတ်ဓါတ် မြင့်တက်ခဲ့မယ် ဆိုလို့ရှိရင် နောက်နှစ်ငါးဆယ် အတွင်းမှာ အနောက်နိုင်ငံတွေကို မှီသွားတော့မှာပါ။ ဒါပေမယ့် အခုထက်ထိတော့ ရှေးရိုး ဆန်နေကြတုန်း ပါပဲ။ လမ်းဘေးမှာ သေးပန်း နေကြတုန်း ပါပဲ။ နွားတွေကို မြို့လည်ကောင်မှာ လွှတ်ထားတုန်း ပါပဲ။ တော်ပါသေးတယ် မြန်မာ ပြည်ကသာ သူတို့ကို ပြန်မလွှတ် ခဲ့ရင် အခုအချိန်လောက်ဆို မြန်မာပြည်ကြီး ဒီထက် ဆိုးနေလောက်ပြီ။ ဒီတစ်ခုတော့ ကြံဖန် ကျေးဇူး တင်လိုက်ပါတယ် ဦးနေ၀င်းကို။ ကျွန်တော်တို့ ရန်ကုန်မြို့ ကြီးဟာ ကုလားပြည်ထက်တော့ သာယာ သန့်ရှင်း ပါသေးတယ်ခင်ဗျား။ စိတ်အဆင့် အတန်းလည်း မြင့်နေပါသေးတယ် ခင်ဗျား။ အသိဥာဏ်နဲ့ အတွေးအမြင်တွေ၊ ပညာတွေ မှာသာ အများကြီး ပြတ်ကျန် ရစ်ခဲ့တာပါ။ ကျွန်တော်တို့ မကြိုးစားရင် နောက်မျိုးဆက်တွေ လက်ထက်မှာ ချွတ်ခြုံကျ တော့မှာ အသေအချာပါ ခင်ဗျား။

Tag : Nay Win , Myanmar , India , China , Idea , Diary

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: