ဆူရိယိုထိုင်း နဲ့ ကျန်စစ်သား

February 21, 2006 at 12:21 am (Uncategorized)

ဒီနေ့ ယိုးဒယား တွေရဲ့ “ ဆူရိယိုထိုင်း ” ဆိုတဲ့ ဇာတ်ကားကို ပြန်ကြည့် ဖြစ်တယ်။ တဆက်တည်းမှာ မြန်မာတွေရဲ့ ကိန်းကြီးခန်းကြီး ပြောခဲ့တဲ့ လူမင်းရိုက်တဲ့ “ ကျန်စစ်သား” ဇာတ်ကားကြီးကို ပြန်သတိရသွားတယ်။ ကျွန်တော် မြန်မာပြည် ပြန်လာတော့ ကျန်စစ်သားက ရုံတင်ပြီးပြီ။ အဲဒီကားကြီးကို ညွှန်းလွန်းလို့ ရဲရင့်ရုံမှာ ထင်ပါရဲ့ မှောင်ခို လက်မှတ် ၀ယ်ပြီး ကြည့်လိုက်တယ်။ ကြည့်နေရင်းနဲ့ ရှက်လိုက်တာ။ တောက်တခေါက်ခေါက် ဖြစ်နေမိတယ်။ ကျွန်တော့်လို စာဖတ်သူတိုင်း၊ ဗီဒီယို အက်ဒင်းတင်းတွေ ၊ ဇာတ်ညွှန်းတွေ အနည်းငယ် နားလည်သူတိုင်း၊ ကင်မရာ သဘောကို နားလည်သူတိုင်း ဒီဇာတ်ကား ဘယ်လောက် ညံ့လည်း ဆိုတာ သိနိုင်ပါတယ်။ ဒီဇာတ်ကားကို နိုင်ငံတကာမှာ ပြတယ်တဲ့။ ကျွန်တော် ရှက်လိုက်တာ။ ကျန်စစ်သားလို သမိုင်းဝင် မင်းတစ်ပါးဟာ ဇာတ်လမ်း တစ်ခုလုံး နေရာအနှံ့သွားပြီး ဖွန်ကြောင်နေတယ်။ နီးစပ်ရာ မိန်းမကို ယူတယ်။ ပုဂံပြည့်ရှင်ရဲ့ နန်းတော် မြို့ရိုးကြီးဟာ ညံ့ဖျင်းလွန်းတယ်။ အစစ် တည်ဆောက်ဖို့ မလိုပါဘူး။ ကွန်ပြူတာ ပညာနဲ့ ဖန်တီးလို့ ရပါတယ်။ လူငယ်တွေထဲမှာ ဖန်တီးနိုင်သူတွေ အများကြီးပဲ။ တိုက်ပွဲတွေဟာ မပီပြင်ဘူး။ ၀တ်စား ဆင်ယင်မှုတွေက သဘာဝမကျဘူး။ ငရမန်ကို ကျန်စစ်သား စစ်ထိုးတဲ့ တိုက်ပွဲဟာ မြင်း၁၅ ကောင်လောက်နဲ့ လူ ၅၀ လောက်နဲ့ ပြီးသွားတယ်။ မြင်းတွေက ဘုရင့် မြင်းနဲ့ မတူဘူး။ မြင်းပိန် တွေ ဖြစ်နေတယ်။ ၀င့်ကြွားမှု မရှိဘူး။ ဇာတ်လမ်း ဇာတ်အိမ်လည်း တိကျမှု မရှိဘူး။ ဒီဇာတ်ကားကို ယိုးဒယားကသာ ကြည့်မိရင် ရယ်ကြမှာဘဲ။ သူတို့ ရိုက်တဲ့ “ ဆူရိယိုထိုင်း” ဟာ အများကြီး အပြတ်အသတ် သာတယ်။ ဇာတ်လမ်း ခိုင်မာတယ်။ ကျွန်တော်ကတော့ ဒီလို မင်းတစ်ပါးကို ပစ်စလက်ခက် ရိုက်ပစ်ရက်တဲ့ လူမင်းကို အံ့အားသင့်လို့ မဆုံးဘူး။ အဲလို ကားမျိုးသာ အကယ်ဒမီ ရမယ်ဆိုရင်တော့ မြန်မာ့ရုပ်ရှင် အဆင့်အတန်းကို ခန့်မှန်း နိုင်နေပြီ။ ရှက်ဖို့ ကောင်းလိုက်တာ။ ကျွန်တော်တို့ မြန်မာတွေ အပြောမကြီးဘဲ အလုပ်နဲ့ သက်သေပြဖို့ လိုအပ်နေပါပြီ။

Tag : Suriyothai , Kyansitthar , Lu Min , Movie Review

Advertisements

6 Comments

  1. Mr. White said,

    That’s really right. I don’t even watch that film. I was really unimpressed by the trailer.

  2. myo chit said,

    မင်းကတိုင်းတစ်ပါးကိုအထင်ကြီးနေတာလား မင်းသောက်လာတဲ့ ရေကမြန်မာနိုင်ငံကရေပါကွာမင်းလုပ်နိုင်ရင်မင်းဝင်ရိုက်လေ

  3. yz said,

    သောက်သုံမကျလို့ သောက်သုံးမကျဘူးပြောတာပဲ .. ကောင်းစေချင်လို့ပြောတာ နားမလည်ဘူးလား .. နာမည်နဲ့မျိုးချစ်နေလို့မပြီးဘူး အလုပ် ကောင်းကောင်းလုပ်ဖို့လိုတယ် သောက်ပညာတွေတတ်ဖို့လိုတယ် ဝါးလုံခေါင်းထဲမှာ လသာမနေကြနဲ့

  4. ko lu chaw said,

    မြန်မာတွေဟာ နေရာတကာ မျိုးချစ်စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်နဲ့ သိပ်သုံးတယ်။ အဲဒါဘာလို့လဲ ဆိုတော့ မျိုးချစ်စိတ်ဓာတ်ဆိုတာ တကယ်မရှိလို့ပဲ။ တစ်ခုတော့ ရှိတယ် ကိုယ့်ဆွေမျိုး၊ ကိုယ့်ကိုယ်ကို၊ ကိုယ့်မိန်းမ၊ ကိုယ့်ယောက္ခမ ချစ်ကြတာဖြစ်မယ်။ တိုင်းတစ်ပါးကို အထင်ကြီးတာမဟုတ်ဘူး။ လူမင်းလို ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင် အထင်ကြီးပြီး စာနယ်ဇင်းတွေမှာ (-င်)ခေါင်းကျယ်ပြီး လျှောက်ပြော။ လက်တွေ့ကြတော့ ဗေလုဝရဲ့ ဘီလူး အဆင့်တောင်မရှိဘူး။ နိုင်ငံခြားက ဇာတ်ကားတွေနဲ့ မယှဉ်တော့ပါဘူး။ ဒီအတိုင်းကြည့် ရင်ကို ညံ့မှန်းသိသာလွန်းပါတယ်။ ဒီလို ညံ့လို့ ညံ့တယ် ပြောတာ အမှန်တရားကိုလက်ခံရဲရမယ်။ ဒါမှ မြန်မာပီသမှာပေါ့။ အခုကြ အော်လိုက်တဲ့ မြန်မာ မြန်မာ၊ တကယ်တန်းယှဉ်ဟေ့ ဆို ဘိတ်ဆုံးကပဲ။ ၁ ကျပ် ဖိုး လောက်လုပ်ပြီး ၁၀၀၀ ဖိုးလောက် ကြွားချင်နေတာဆိုးတယ်။

  5. ဟန်မင်းထက် said,

    မင်းတို့ပြောသလို
    မင်းတို့ရေးသလို
    မင်းတို့ထင်သလို
    မင်းတို့လုပ်နိုင်လား

  6. nge lay said,

    ကွန်ပျူတာနဲ့ ဇာတ်ဝင်ခန်းကို ဖန်တီး သရုပ်ဆောင်တွေထက် ဈေး အဆမတန်ကြီးတယ်ဗျ ပြောသလောက်လွယ်ရင် သူတို့လည်း လုပ်မှာပေါ့ ကိုယ့်အနေအထေားနဲ့ ကိုယ်ပဲ သွားပြောလို့မရ ဘူး ကမ္ဘာ အထင်ကြီးစေချင်ရင်တော့ စပီး ဘတ် ကိုငှားပြီး ဒေါ်လာ သန်း တရာ အကုန်ခံ ပြီးသာ ရိုက်လိုက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: