အင်တာနက်ဘရောက်ဇာ

February 18, 2006 at 2:29 am (Uncategorized)

ကျွန်တော် မြန်မာတွေ ခေတ်နောက်ကျတဲ့ အကြောင်းကို စဉ်းစားနေမိတယ်။ အခု ကျွန်တော်တို့ အင်တာနက် သုံးနေတယ်။ ကျွန်တော့်လိုပဲ အင်တာနက် သုံးနေတဲ့ မြန်မာတွေ အများကြီး ရှိတယ်။ ဒါပေမယ့် သုံးသာ သုံးနေကြတယ်၊ ရှေးရိုးအတိုင်းပဲ။ ဥပမာ- ကျွန်တော်က Internet Browser ကို Fire Fox ရော IE ရော သုံးပါတယ်။ ဒါပေမယ့် Fire Fox က ကျွန်တော့်အတွက် အရမ်းအဆင်ပြေတယ်။ Function တွေ အများကြီး ပါတယ်။ အခုလို မြန်မာဘလော်ခ့် လုပ်တဲ့ အခါလည်း အရမ်း အဆင်ပြေတယ်။ အိုင်အီးက အဲဒီလောက် အဆင်မပြေလှဘူး။ ဖိုင်းယားဖောက်စ် သုံးပြီး မြန်မာစာ တင်တဲ့အခါ CSS မှာ အနည်းငယ် ပြင်ဖို့ပဲ လိုတယ်။ မြန်မာကီးဘုတ်နဲ့ တိုက်ရိုက် ရိုက်ရုံပဲ။ Firefox မှာ Extension လို့ ခေါ်တဲ့ Special Plug-In Program လေးတွေပါတယ်။ အဲဒါတွေက အလွန် အသုံးဝင်တယ်။ သူများဆိုဒ်တွေကို နှိုက်နှိုက်ချွတ်ချွတ် ကြည့်လို့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာတွေ တော်တော်များများ IE ကိုပဲ အရိုးစွဲနေကြတုန်းပဲ။ အိုင်အီးက ပိုအဆင် ပြေတဲ့ နေရာတွေလည်း ရှိပါတယ်။ တချို့ပရိုဂရမ်တွေ ၀ဘ်ဆိုဒ်တွေက အိုင်အီးနဲ့မှ ဖွင့်လို့ရတယ်။ Firefox မှ မဟုတ်ပါဘူး။ Opera လည်းကောင်းတာပဲ။ အရေးကြီးတာက အားသာချက် အားနည်းချက် တွေကို သိဖို့ပါပဲ။ အခုဆို IE7 Beta Version ပေါ်လာတော့ ကျွန်တော်လည်း စမ်းသုံးနေတယ်။ အရင်ကထက် အများကြီး ပြောင်းသွားတာ တွေ့ရတယ်။ Tab Function လေးတွေ ပါလာတယ်။ နည်းပညာတွေဟာ တစ်ခုပြီးတစ်ခု အသစ်တွေ ဖြစ်လာတယ်။ ပိုပိုပြီးလည်း ကောင်းလာတယ်။ ကျွန်တော်တို့ အသုံးပြုတတ်ဖို့ပဲ လိုတာပါ။

Recommanded Browser : Fire Fox V.1.5.0.1

Internet Explorer 7 Beta , Developer Toolbar
Opera 8.5
Maxthon

Internet Browsers , Download , Software

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: