ရွက်ပုန်းကောင်

February 5, 2006 at 4:15 pm (Uncategorized)

သီချင်းတွေ နူးညံ့ခွင့်မရတဲ့အခါ
ကိုယ့်ကိုကိုယ် သဲလွန်စ ပြန်ရှာမယ်
ကျောင်းတော်သူ ကဝေမလေးရဲ့ နှုတ်ခမ်းတွေက
ကျွန်တော့်ရဲ့ မပွင့်ဖူးသေးတဲ့ ပန်းလေးတွေဖြစ်တယ်
ဘယ်သူမှသိခွင့်မရှိခဲ့ဘူး
ရင်ဘတ်ထဲမှာ သိမ်းထားမယ်
ဝိညာဉ် တစ်ကောင်လို
ကျန်ခဲ့တဲ့ အတိတ်ဟောင်းတွေကိုလည်းလွမ်းတယ်
မတူးဖော်ခဲ့မိတဲ့ အနမ်းလေးတွေများ ပြန်ရမယ်ဆိုရင်
တိတ်တိတ်လေး တို့ထိကြည့်မယ်
သူမရဲ့ အိပ်ယာခင်းလေးမှာ သနပ်ခါးနံ့လေးတွေ သင်းနေမယ်
သူမရဲ့ ဆံနွယ်လေးတွေက လှိုင်းတွေလို ညို့ရီလို့ တွဲခိုဆိုင်းနေမယ်
သူမရဲ့ ဘယ်လက်သန်းလေးမှာ အဖြူရောင်လက်စွပ်လေးရှိနေမယ်
ငါ့အတွေးတွေတိုင်းကတော့ စိမ်းစိမ်းစိုစို
ငါ့နှလုံးသားက သံပြိုင်တေးကို တိုးတိုးဆိုနေရ
မျက်စိတွေမှိတ်ပြီး နားစွင့်ကြ
အကာလ ညတွေ ဖြစ်နေလည်း မြင်နိုင်တယ်
ပျောက်သွားတဲ့ အသံတိုင်းမှာ ရော်ရွက်ဝါတွေ ကြွေကျတယ်
အပျင်းပြေရုံသက်သက်အတွက်
ငါ့လက်များက ဂီတကို ရိုက်ခတ်မယ်
ပြီးရင် ရယ်သံတိုးတိုးလေးပြုရင်း
အားလုံးကို ကျောခိုင်းနှုတ်ဆက်လို့ ထွက်ခဲ့တယ်။

Poem

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: