Blogging by Myanmar Language

January 31, 2006 at 1:54 pm (Uncategorized)

ကျွန်တော် ဒီနေ့ မြန်မာ ဘလောခ့် ရေးသူ တစ်ဦး ဖြစ်တဲ့ ကိုငြိမ်းချမ်း ရဲ့ ဘလောခ့်ကို ဖတ်ရင်းက ကျွန်တော် ဘာလို့ မြန်မာလို ဘလော့ ရေးဖြစ်တာလည်း ဆိုတာကို ပြန်စဉ်းစား ကြည့်မိတယ်။ ကျွန်တော့်အတွက် ဘလောခ့်မှာ စာရေးရတာ ဒိုင်ယာရီနဲ့ အတူတူပဲ။ ပန်းချီဆွဲတဲ့ Sketch Book ပဲ။ သူများကို သတင်းပေးချင်ရင် သုံးတဲ့ မီဒီယာပဲ။ ဖတ်ချင်သူ လာဖတ်လို့ ရတယ်။ မဖတ်ချင်သူ ဒီအတိုင်း နေလို့ ရတယ်။ လာဖတ်တဲ့ သူတွေ မရှိလည်း ကျွန်တော်ရင်ထဲက ခံစားချက်တွေကို ရေးလိုက်ရလို့ ပေါ့သွားတယ်။ တချို့လည်း ပါးစပ်နဲ့ ပြောမထွက်ခဲ့ တာတွေကို လက်နဲ့ ချရေးမိတဲ့ သဘောပါ။ တစ်ခါတစ်ခါ လူတွေနဲ့ စကားမပြောချင်ရင် ဘလောခ့်မှာ စာတွေ အများကြီး ရေးဖြစ်တယ်။ ကျွန်တော့် မိသားစု ခံစားချက်တွေ အကြောင်း အချစ်အကြောင်း၊ ဘ၀အကြောင်း အစုံပါပဲ။ တစ်ချို့လူတွေက အရိပ်အခြေကို ကြည့်ပြီး လူတွေကို နားလည်တတ်တယ်။ တစ်ချို့ လူတွေက ပြောပြမှ နားလည်တယ်။ တစ်ချို့တွေက ပြောပြလည်း နားမလည်ဘူး။ အဲဒီလို လူမျိုးတွေ နဲ့ စကား မပြောချင်တဲ့ အခါ ဒီဘလော်ခ့်မှာ လာပြီး ရင်ဖွင့် ဖြစ်တယ်။

ဒီဘလောခ့် ယဉ်ကျေးမှုလေး ပေါ်လာတာကို အရမ်း သဘောကျမိပါတယ်။ ပထမဆုံး စင်္ကာပူ ရောက်ခါစမှာ Xanga မှာ ဘလောခ့် ကို စတင်သိခဲ့တယ်။ ဒါပေမယ့် BlogSpot မှာ အတော်လေး ရေးမိတော့ တော်တော်လေး သဘောကျတာနဲ့ ဒီမှာပဲ ဆက်ရေး ဖြစ်တော့တယ်။ ကိုငြိမ်းချမ်း ပြောသလို ကျွန်တော်တို့ ရေးတာတွေက ထွေရာလေးပါး ဘလောခ့်စာပေါ့ဗျာ။ ဟိုးရှေးခေတ် ကျောက်စာ၊ မင်စာ၊ ပေစာ၊ ပရပိုဒ်စာ တွေကနေ စလိုက်တာ အခု ဘလောခ့်စာ ခေတ်ကို ရောက်လာပြီ။ ဆရာဇော်ဂျီတို့ ၊ ညိုမြ ကို ခေတ်စမ်းစာပေရဲ့ ဖခင်ကြီးတွေလို့ သတ်မှတ်မယ် ဆိုရင် ကျွန်တော်တို့ လက်ရှိ မြန်မာ ဘလောခ့်ဂါ တွေကိုလည်း နောင် ခေတ်စားလာမယ့် ခေတ်သစ် မြန်မာ ဘလောခ့်ဂါတွေ ရဲ့ ရှေးဦး ဖန်တီးသူတွေလို့ အားနာပါးနာ သတ်မှတ်မယ်ဆို ရပါလိမ့်မယ် ခင်ဗျား။

လက်ရှိ Myanmar Blog များ

ကိုမောင်လှ
ကိုငြိမ်းချမ်း
ဒသန
မောင်ဇန်
မိနွယ်
ကယ်လ်ဗင်
မြန်မာမော်ဒန်ကဗျာများ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: