Senior Mekhara Prince

January 28, 2006 at 5:19 am (Uncategorized)

မြန်မာ့ သမိုင်းမှာ မက်ခရာ မင်းသားကြီးဆိုတဲ့ အမည်နဲ့ မင်းသားနှစ်ပါးရှိပါတယ်။ မြန်မာ့ အဘိဓါန်ကို ချားလ်လိန်း နဲ့ အတူ ပြုစုခဲ့တဲ့ မင်းသားကြီးက ပထမ မက်ခရာ မင်းသားကြီး ဖြစ်ပါတယ်။ ဘိုးတော်ဘုရား (ဗဒုံမင်း) နဲ့ မြောက်နန်းမိဖုရား သီရိမဟာ ရတနာဒေ၀ီတို့က နေ ၁၁၅၃ ခုနှစ် နတ်တော်လဆန်း ၁၅ ရက်နေ့မှာ ဖွားမြင်ခဲ့တာ ဖြစ်ပါတယ်။ ငယ်နာမည် မောင်ဖြိုးလို့ ခေါ်ပြီး အလောင်းမင်းတရားကြီးနဲ့ ရုပ်ချင်း ဆင်တယ်လို့ ဆိုကြပါတယ်။ စာပေကို အလွန်တရာ လိုက်စားခဲ့ပြီး ကျမ်းပေါင်း ၂၀၀ ကျော်ကို မြန်မာဘာသာကို ပြန်ဆိုခဲ့ပါတယ်။ အဲဒီ မင်းသားကြီးဟာ ငယ်စဉ်ကတည်းက လေငန်းရောဂါကြောင့် မသန်စွမ်း ပါဘူး။ အင်္ဂလိပ်ဘာသာနဲ့ သင်္ချာဘာသာကို အထူး စိတ်ဝင်စားတော် မူပါတယ်။ ပထမဆုံး မြန်မာ အဘိဓါန်ကို မင်းသားကြီးဟာ ၁၈၃၀ ခုနှစ်လောက်မှာ ဆရာဝန် ဒေါက်တာ ပရိုက်နဲ့ အတူ ဘာသာ ပြန်ဆိုတော်မူပါတယ်။ သူမရှိတဲ့နောက် ချားလ်လိန်းနဲ့ ဆက်လက် ဆောင်ရွက်ခဲ့တယ်။ အဲဒီ အဘိဓါန်ကျမ်းကို အခု မြန်မာ့အမျိုးသား စာကြည့်တိုက်မှာ တွေ့နိုင်ပါတယ်။ ၁၀ လက်မ * ၈ လက်မ ခန့် အရွယ်ရှိပြီး စာမျက်နှာ ၄၆၈ မျက်နှာ ရှိပါတယ်။ မန်းတလေးမြို့ က မလွန်ရပ်ကွက် ဆိုတာ တချိန်က မင်းသားကြီး ခေတ်တ နေခဲ့တဲ့ နေရာပါ။ မလွန်မင်းသားကြီး လို့လည်း ခေါ်ကြပါတယ်။ သားတော် သမီးတော်တွေကနေ နောက်ထပ် သားသမီး မမွေးဖွားခဲ့လို့ မင်းသားကြီးရဲ့ မျိုးဆက် မကျန်ရစ်တော့ပါဘူး။ အဲဒီခေတ်က အာရှတိုက်ရဲ့ ထိတ်ထိတ်ကြဲ ပညာရှင် သုတေသီများသာ ၀င်ခွင့်ရတဲ့ ဘင်္ဂလား အာရှ ဆိုင်ရာ ၀ိဇ်ဇာ သိပ်ပံ သုတေသနအသင်းကြီး ရဲ့ ဂုဏ်ထူးဆောင် အသင်းသား အဖြစ် အရွေးချယ် ခံခဲ့ရသူ ဖြစ်ပါတယ်။ ၁၂၁၀ ခုနှစ် ဒုတိယ ၀ါဆိုလပြည့်ကျော် ၁၀ ရက်နေ့ညမှာ မင်းသားကြီး ကံကုန်တော် မူခဲ့ပါတယ်။ အဲဒီအချိန်မှာ မြန်မာတွေ အမှတ်မှားနေတဲ့ ဒုတိယ မက်ခရာ မင်းသားကြီးဟာ အသက် ၁ နှစ်သားသာ ရှိပါသေးတယ်။
စာကိုး ။ ကုန်းဘောင်ရှင်းတမ်း ( မောင်သန်းဆွေ) ၊ ပထမ မြန်မာများ (မင်းယုဝေ)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: