Interesting Topic from Planet Forum

January 28, 2006 at 2:05 pm (Uncategorized)

မောင်နတ်တို့ လည်း အလှအပကို ခံစားတတ်ပါတယ်။ ကြိုက်လည်း ကြိုက်ပါတယ်။ အနုပညာ အမြင်နဲ့လည်း ကြည့်တတ်ပါတယ်။ ချောတာကို ချောတယ်လို့ မြင်သလို၊ မလှတာကို မလှဘူးလို့လည်း မြင်တတ်ပါတယ်။ အခု ဒီဓါတ်ပုံတွေ တွေ့တော့ မောင်နတ် ဘာဖြစ်လည်း မေးရင် မိုက်တယ်ကွာလို့ ပြောမိပါတယ်. ကြည့်လိုက်တာနဲ့ ဘောလုံးပိုက်ထားပြီး အချိုးကျကျ ရပ်နေတဲ့ ကောင်မလေး ပုံက မျက်စိထဲ တန်းဝင်လာတယ် ခင်ဗျ။ တင်လေးကိုပစ်၊ ရင်လေးကို ချီ ၊ ခေါင်းလေးကို မော့ပြီး စစ်ပွဲမှာ ရန်သူကို အကဲခတ်နေတဲ့ မြှားသမားကြီး တစ်ယောက်လို အရှေ့စူးစူးကို မျှော်ကြည့်ရင်း မတ်တပ်ရပ်နေပါတယ်။ ကျန်တဲ့ ကောင်မလေး တွေကို ကြည့်လိုက်တော့ ဘောင်းဘီ တိုလေးတွေနဲ့ ပေါင်ဖြူဖြူ လေးတွေကို တခမ်းတနား ပြနေကြပြန်သဗျ။ ထက်ထက်ဝင့် လေးကိုလည်း မောင်နတ်တို့ သယ်ရင်း တစ်စုက ထက်ထက်ပွင့် လို့ ချစ်စနိုးနဲ့ အမည် ပြောင်းလိုက်ကြောင်းပါ။ တချို့ကလည်း ကတုတ်ကျင်းထဲက စစ်သားကြီးတစ်ယောက် စစ်မြေပြင်မှာ ၀မ်းလျားထိုး တွားတက်နေသလို ဗျား။ မောင်နတ်တို့မှာက ဘောလုံးတွေ သိမ်းကျုံးကန်လို့ ဆင်လို ခြေထောက်တွေ ဆိုတော့ ဆင်နှာမောင်းလို သွယ်ပျောင်းတဲ့ ခြေချောင်းလေးတွေ မြင်တော့ ကြိုက်တာပေါ့ဗျာ။ ကြည့်ကောင်းပါ့ဗျာ့။ ဒါက မထူးဆန်းပါဘူး။ ဆန့်ကျင်ဘက် လိင်တွေကိုး။ တချို့ သူငယ်ချင်း တွေကတော့ ဘယ်သူ အဖြူဆုံးလည်း ငြင်းနေကြလေရဲ့။ တချို့ကလည်း တောက် တခေါက်ခေါက် နဲ့ဗျ။ တချို့ လဲ ဒီပုံ သေးသေးလေး ကိုပဲ ပုံကြီး ချဲ့ကြည့် နေကြသေးတယ်။ အပြစ်တင် မစောလေနဲ့ဦး ခင်ဗျ ကျားတွေကိုး။ ကဲ ဒီတော့ ရိုင်းရိုင်းပြောရရင်ဗျာ အဲဒီ ကောင်မလေးတွေဟာ ယောက်ျားတွေရဲ့ ပစ်မှတ်ကြီး ဖြစ်မနေဘူးလား။ ယောက်ျားတွေရဲ့ စိတ်ကူး စည်းစိမ် ခံစားစရာကြီး ဖြစ်မနေဘူးလား။

ပလန်းနက်ဖိုရမ်မှ ကူးယူ ဖော်ပြပါသည်။

ဆက်လက် ဖတ်ရှုရန် : ဒီနေရာသို့နှိပ်ပါ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: