Thinking about Myanmar

January 25, 2006 at 9:00 am (Uncategorized)

စဉ်းစားကြည့်တဲ့ အခါ မြန်မာပြည်ရဲ့ ပဒေသရာဇ် လက်ထက်မှာ လူတော်တော်တော် များများ ကြွေလွင့် ခဲ့တာကို တွေ့ရပါတယ်။ နိုင်ငံရေး ယောင်ယောင် ဘာသာရေး ယောင်ယောင် မင်းတုန်းမင်းကြောင့် နိုင်ငံဟာ လက်နက် အတတ်မှာ ရပ်တန့် ခဲ့ ရတယ်။ သူ့ရဲ့ မပြတ်သားတဲ့ သဘောထားတွေကြောင့် နောက်တက်လာတဲ့ ထီးနန်းဟာ ပျော့ညံ့တဲ့ သီပေါဘုရင် ဖြစ်လာခဲ့တယ်။ လိင်အရှုပ်အထွေး ၀ါသနာ ပါလွန်းတာကြောင့် မိန်းမ များစွာ ယူခဲ့ ပြီး သားသမီး များစွာ မွေးလာခဲ့တာဟာ မြန်မာ ပြည်ကို သူ့ကျွန်ဘ၀ ရောက်စေခဲ့တဲ့ အကြောင်းအရာ တစ်ခုပါပဲ။ တကယ်တမ်းတော့ သီပေါမှာလည်း အပြစ်တော့ သိပ်မရှိလှပါဘူး။ ဘာလို့လည်း ဆိုတော့ သူ့လက်ထက်မှာ မြန်မာပြည် ဆိုတာ နာမည်ပဲ ကျန်တော့တာပါ။ ဘုရင်တွေဟာ ရွှေဘုံပေါ်မှာ နေပြီး ပြည်သူတွေ ဘ၀ကို မသိကြပါဘူး။ အနော်ရထာတို့ သာလွန်မင်းတို့ လက်ထက်မှာ တိုင်းခန်း လှည့်လည်တာတို့ တစ်ယောက်တည်း ထွက်ပြီး စနည်းနာတာတို့ တွေ့ရပေမယ့် ဒီနောက်ပိုင်း ခေတ်တွေမှာတော့ မတွေ့ရပါဘူး။ ကိုယ့်ထက် အင်အားကြီးမား ကျယ်ပြန့်တဲ့ တိုင်းပြည်တစ်ခုကို သဘောင်္လေးတွေနဲ့ လာပြီး သိမ်းပိုက်သွားတဲ့ အင်္ဂလိပ်တွေဟာ တကယ်တော်တယ်လို့ ကျွန်တော် လေးစားမိပြန်ပါတယ်။ ဒီလို ပြောတဲ့အခါ ကျွန်ဖြစ်ရတာကို သဘောကျလို့ လားလို့ ဆိုစရာ ရှိလာပါတယ်။ ကျွန်တော်ကတော့ ကျွန်ဖြစ်တာ နည်းတောင် နည်းသေးတယ် လို့ပဲ ထင်ပါတယ်။ အင်္ဂလိပ်နယ်ချဲ့ဟာ အကောက်ကြံပြီး မြန်မာ ပြည်ကို သိမ်းပိုက်ခဲ့ တယ်ဆိုတာ ကြက်တူရွေး နှုတ်တိုက် သလိုပဲ ဖြစ်နေပါတော့တယ်။ အခြေခံ ကျကျ စဉ်းစားကြည့်ရင် ကိုယ်လည်း ယိုးဒယားကို တိုက်ခဲ့ တာပါပဲ။ နိုင်ငံတော် ကြီး တည်ဆောက်တယ် ဆိုတာ တကယ်တော့ အင်အား ချဲ့ ထွင်ခဲ့တာပါပဲ။ ယိုးဒယားတွေလည်း ဗမာတွေကို ကြေမယ် မထင်ပါဘူး။ ဒါပေမယ့် ယိုးဒယားဟာ မပျက်စီး သွားခဲ့ဘူး။ သူလည်း အသိမ်းပိုက် ခံခဲ့ရတာပါပဲ။ အခုဆို ယိုးဒယားဟာ ခေတ်မီ တိုးတက်တဲ့ နိုင်ငံတစ်ခု ဖြစ်နေပြီး သူ့ကို သိမ်းပိုက်ခဲ့တဲ့ မြန်မာတွေကတော့ သူတို့ဆီကနေ အကူအညီတွေ ပြန်ယူနေရပြီ။ ကျွန်တော်တို့ ဘာလို့ ညံ့ခဲ့ကြတာလဲ။ ဆွေးနွေး ချင်တဲ့ သူတွေကိုလည်း ဖိတ်ခေါ်ပါတယ်။
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: