My Poem

January 23, 2006 at 9:13 am (Uncategorized)

အေးစက်သော ခေါင်းလောင်းထိုးသံတွေ ကြားတဲ့အခါ

သူက ခရီးအဝေးဆုံးကို တိတ်တဆိတ် ထွက်ခွာသွားခဲ့ပြီး
လမ်းတွေကသာ လွမ်းလွမ်းဆွတ်ဆွတ် တမ်းတနေကြရ
စကြ၀ဠာအဆုံး
တပြန့်တပြောကျယ်လွန်းတဲ့ မှောင်မည်းသော ချောက်များထဲမှာ
အလင်းရောင်မှိန်ပြပြတစလောက်မှ သူမြင်တွေ့ခွင့်ရပါရဲ့လား
ခေါင်းလောင်းထိုးသံလေးတွေကြားတိုင်း
အားလုံးရဲ့ မျက်ရည်စက်တွေလည်း ရစ်ရစ်ဝိုင်းဝိုင်း
စာရွက်လေးပေါ်မှာ ရယ်သံတွေကြားတိုင်း
အားလုံးရဲ့ နှလုံးသားတွေလည်း ညို့ညို့ဆိုင်းဆိုင်း
ရထားလွန်းဆွဲသံတွေ နီးကပ်လာတိုင်း
ဖယောင်းပန်းရနံ့တွေလည်း အုံ့အုံ့မှိုင်းမှိုင်း
ဘယ်သူတွေ လန့်နိုးခဲ့ကြသလဲ
ဘယ်သူတွေ ရုတ်တရက် အေးစက်သွားခဲ့ကြသလဲ
ဘယ်သူတွေကရော သူ့ခရီးစဉ်ကို သိခဲ့ကြသလဲ
ဘယ်သူတွေက သူ့ခရီးစဉ်ကို စီစဉ်ခဲ့ကြသလဲ
ဒီလိုနဲ့
ကြေကွဲဖွယ်သံစဉ်များ သယ်ဆောင်လာသောရထားက
သူ့ကို ရှုတ်ထွေးခြင်းများစွာနဲ့အတူ တင်ဆောင်သွားခဲ့လေတယ်
သူ့ခရီးဆောင်အိတ်လေးထဲမှာ
ဘာတွေပါသွားမယ်ဆိုတာတော့ ဘယ်သူမှ မသိနိုင်ဘူးပေါ့
ငါတို့အားလုံးကတော့
လွမ်းဆွတ်ခြင်းနဲ့ ချစ်ခြင်းမေတ္တာတွေ တခမ်းတနား ထည့်ပေးလိုက်တယ်ဆိုတာတော့
သူဖွင့်ကြည့်ခွင့်ရတဲ့အခါ
လေးနက်စို့နင့်စွာ သိသွားမှာပါ
အေးစက်သော ခေါင်းလောင်းထိုးသံတွေ ကြားတဲ့အခါ။

ကွယ်လွန်သွားတဲ့ သူငယ်ချင်းတစ်ယောက်အတွက်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: