Mahabharata

January 23, 2006 at 8:46 am (Uncategorized)

ဒီနေ့ မဟာဘရတ စာအုပ်ကြီး ပထမပိုင်း ပြီးသွားပြီ။ ပြီးအောင် ဖတ်မယ်ဆိုပြီး တစ်ညလုံး ထိုင်ဖတ် ပစ်လိုက်တယ်။ စာမျက်နှာ ၉၀၀ ကျော် ပြီးသွားပြီ။ တစ်လလောက် ဖတ်လိုက်ရတယ်။ ကောင်းလိုက်တာ။ မြန်မာ ပြန် အကျဉ်း ဖတ်ခဲ့ရ တုန်းကတည်းက စိတ်ဝင် စားခဲ့တာ။ အခုမှ အာသာ ပြေတော့တယ်။ ရှေးနှစ်ပေါင်း များစွာက ရသေ့တစ်ပါးက ဘယ်လိုလုပ်များ ဒီလောက် ကောင်းတဲ့ အီပစ် တစ်ခုကို ဖန်တီးနိုင်ပါလိမ့်နော်။ မသိတာတွေ အများကြီး သိလာရတယ်။ ပဏ္ဍ၀မင်းသားတွေနဲ့ ကောရ၀ မင်းသားတွေ ဖြစ်တဲ့ စစ်။ ကရစ်သျှနား ဘုရားသခင် စစ်ရထားမောင်းသူ အဖြစ်နဲ့ ပါဝင်တဲ့ စစ်၊ ရမက်တွေ၊ အညှိုးတွေနဲ့ ပြည့်နေတဲ့ စစ်၊ အိလျဒ် နဲ့ သြော်ဒေးဆပ် ထက် အများကြီး သာတယ်။ ဖတ်ခဲ့ ဖူးသမျှ စာအုပ်တွေထဲမှာ မဟာဘာရတ နဲ့ တစ်ထောင့်တစ်ည ကို အကြိုက်ဆုံးပဲ။ အင်း နောက် ထပ် ဒုတိယပိုင်း ဖတ်ရဦးမယ်။ ဒီစာအုပ်ကို ဆရာကြီး သခင်ဘသောင်းလို စွဲမက်ဖို့ ကောင်းအောင် ဘာသာပြန်တဲ့ လူရှိရင် သိပ်ကောင်းမှာပဲ။ ဖတ်တဲ့ သူတိုင်း ကြိုက်ကြမှာပဲ။ ရန်ကုန်မှာ ကျန်ခဲ့တဲ့ မြန်မာပြန်က စာမျက်နှာ ၂၀၀ လောက်ပဲ ရှိတယ်။ အခု မူရင်းက အတွဲ ၁ဂ တွဲ။ ဒါမျိုးစာအုပ် ဖတ်ရတာ တန်တယ်။ ကုန်သွားတဲ့ ပိုက်ဆံ ထက်ကို ပိုပြီးတန်တယ်။ လီဗိုက် တစ်ထည်ဝ ၀ယ်ဝတ်မယ့် အစား ဒါမျိုး ၀ယ်ရတာ ဘ၀ရဲ့ ပျော်ရွှင်စရာ တစ်ခုပဲ။
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: